အက္ခရာတစ်ကြောင်း



ငါ့ကဗျာမှ ကဗျာတဲ့
ငါ့ကာရန်နဘေနဲ့
ငါသေရွာပြန်သွားရင်တောင်
ငါ့နာမည်တစ်လုံး တွင်ရစ်
ငါ့ကဗျာတစ်ပုဒ် ကျန်ရစ်စေရမယ်တဲ့ ။

ငါ့ကဗျာမှ ကဗျာတဲ့
ငါရေးတဲ့ ကဗျာတစ်ပုဒ်
ငါ့ခန္ဓာကိုယ်ပုပ်လို့ ပေါ်ရင်တောင်
ငါ့နာမည် အဟုတ်မို့ ကျော်ဇောနေရမယ့်
ငါ့ရဲ့ မော်ဒန်ခေတ်သစ်ကဗျာတစ်ပုဒ်တဲ့ ။

ကဲ ..........
ငါစွဲတွေနဲ့ အထာကျဲနေတဲ့
ဗလာမဲ ကဗျာရဲတွေကို
အသာချဲလို့ ကြေငြာရဲလိုက်တာက
စိတ်ကိုငြိ Heart ကိုထိရင်
အက္ခရာတစ်ကြောင်းလည်း
ရင်ကို ဗြောင်းဆန်စေမယ့်
ကဗျာရည်ကောင်းတစ်ပုဒ်ဆိုတာကိုပဲ ။

1 comments:

Anonymous said...

ကဗျာတွေကတော့ လန်ထွက်နေတာဘဲ

ကဲ ..........
ငါစွဲတွေနဲ့ အထာကျဲနေတဲ့
ဗလာမဲ ကဗျာရဲတွေကို
အသာချဲလို့ ကြေငြာရဲလိုက်တာက
စိတ်ကိုငြိ Heart ကိုထိရင်
အက္ခရာတစ်ကြောင်းလည်း
ရင်ကို ဗြောင်းဆန်စေမယ့်
ကဗျာရည်ကောင်းတစ်ပုဒ်ဆိုတာကိုပဲ ။
အဲဒီအပိုဒ်အကြိုက်ဆုံးဘဲ