ပုစ္ဆာ



ကမ်းခြေမှာ
လှမ်းနေလည်း
အလွမ်းတစ္ဆေကြောင့်
အပန်းမပြေနိုင်တာ ခက်တယ်..

ညအမှောင်မှာ
ထကြောင်လို့
ယောင်ပြီးခေါ်မိတာက
'မောင်'ဖြစ်နေတာ ခက်တယ်..

အသေတွက်တောင်
အဖြေမထွက်တဲ့ ပုစ္ဆာကို
ကျေနပ်လို့ ကဗျာစပ်နေတာ
ပေကပ်ကပ် ငါဖြစ်နေလို့ ခက်တယ် ။

နှလုံးသားကို အပြုံးများနဲ့
ခုံရုံးတင် ကျုံးသွင်းလို့
အမုန်းမစွက် ရုန်းမထွက်နိုင်ခဲ့တာက
အရှူံးများနဲ့ တုံးအတဲ့
ငါသာလျှင်ဖြစ်နေခဲ့တာ ခက်..ပါ..တယ်

3 comments:

ဆည်းဆာသံစဉ် said...

ကဗျာ..စာသားလေးတွေလန်းနေတယ်။ အသေတွက်တောင်အဖြေမထွက်တော့ဘူးဆိုတော့ အကြံတစ်ခုပေးမယ်ဗျာ။ စာကလေးဗေဓင်နဲ့  တွက်ကြည့်ပါလား တော်တော်မှန်တယ်လို့ ကြာဘူးတယ်ဗျ...ဟီးဟီး..။ စတာနော် စိတ်မဆိုးနဲ့  တကယ်ကောင်းတဲ့ ကဗျာလေးတပုဒ်ပါ...အားပေးနေလျှက်

***ဆည်ဆာသံစဉ်***

Anonymous said...

ပုစ္ဆာတစ်ပုဒ်လာတွက်သွားပါတယ်
အပိုဒ်တိုင်းကောင်းတယ် ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး..
အဆင်ပြေပျော်ရွှင်ပါစေဗျာ

Anonymous said...

ကဗျာကောင်းလေး တပုဒ်ပါပဲ။ ကြိုးစာနော် အားပေးနေပါတယ်..