တိတ်တခိုး


တစ်နေ့တစ်ရက်
အတွေ့ခက်လျှင်
ကြားလေသွေးလို့
ဝေးမယ်ထင်...

စက္ကန့်မိနစ်
အားလပ်မိလျှင်
စိတ်အစဉ်က
သူ့ဆီနှင်..။

ပါးပြင်မို့မို့
နီမြန်းအောင်ပင်
ချစ်သူ့အကြောင်း
တွေးနေချင်..

ကြမ္မာဖန်လို့
ဝေးခဲ့ကြလျှင်
ထိုစိတ်နှင့်ပင်
ရူးမည်ထင်..

သည်မျှချစ်ကြောင်း
ဖွဲ့ဆိုသော်လျှင်
ဆိုင်သူမသိလို့

ခက်တယ်ရှင်..။

2 comments:

မိုးစက်အိမ် said...

ကဗျာရေးတဲ.ဆရာမ အရေးကောင်းလို.လား
မသိဘူးခင်ဗျ ... ကဗျာလေးက ခံစားလို.
ကောင်းတယ်ဗျာ ... လှတယ် အင်း ဒီထက်
ပြောရရင်တော. ကဗျာလေးက ချစ်ဖို.ကောင်းတယ်ဗျာ ...

yangonthar said...

ကာရံထပ်တဲ့ကဗျာလေးတွေ အလွမ်းပြေဖတ်ရ
တယ် လှပလိုက်တာ စကားလုံးလေးတွေက
“ပါးပြင်မို့ မို့ 
နီမြန်းအောင်ပင်
ချစ်သူ့ အကြောင်း
တွေးနေချင်”
ပါးမို့ မို့ ရဲရဲလေးကို ကွက်ကနဲ မြင်လိုက်ရတယ်
ခင်တဲ့
ရန်ကုန်သား
အေးမြသာယာပါစေ