
သိမ်မွေ့ နူးညံ့လို့
အပြစ်ကင်းစင်မှူနဲ့
ရွှန်းလဲ့လဲ့ မျက်ဝန်းလေး
သူတစ်ချက် ဝေ့အ၀ဲမှာ
ကိုယ့်အသည်း ကြွေလဲသွားရတာ
ယုံနိုင်စရာ မရှိလည်း
အိပ်မက်တော့ မဟုတ်လေဘူး..။
နီစွေးစွေးနဲ့ နှင်းဆီငုံ နှူတ်ခမ်းဖူးက
ပွင့်အာလာတဲ့ အပြုံးနုနု
ကိုယ့်ညတွေကို အပိုင်လု
အိပ်မရအောင် သူပြုစားထားခဲ့တာ
အဖြေရှာမရလည်း
ဝေဒနာညလို့တော့ မှတ်မထင်မိဘူး..။
ကိုယ့်အတွေးတွေကို သိမ်းပိုက်လို့
ကိုယ့်နှလုံးသားကို လွှမ်းမိုးနိုင်သူရယ်
မင်းကြည်ဖြူမယ်ဆို
နေထိနှင်းလို ကြွေငြိဆင်းသွားတဲ့
အရည်ပျော်အသည်းလေးကို
ဖြေဖျော်စရာ ပုလဲအဖြစ်မှတ်ယူလို့
မင်းလည်တိုင်နုနုမှာ ထာဝရရှင်သန်ခွင့်ပြုပါ ။
5 comments:
အဟတ် ကော်မန့် မရဘူးဆိုလို့ စမ်းကြည့်မယ်
အယ် ရသွားပြီကြည့်စမ်း
အဆင်ပြေနေတယ်ဟုတ်
ကဗျာလေး ကောင်း
ရင်နဲ့ မဆန့် တော့လို့ လား
ဖွင့်ထွက်လာတာက
ဒီကဗျာလေးကတော. ကောင်လေးတွေ အကြိုက်
ဖြစ်မှာဗျ ... ဘာလို.လည်းဆိုတော. ကဗျာစာသား
ရည်ညွှန်းချက်လေး တွေက မိန်းကလေးတွေနှလုံးသား
ကိုခြွေနိုင်လောက်အောင် ကိုကောင်းတယ်ဗျာ ... အား
ပေးလျက်ပါ ...
ကောင်းချက်တော်... ကာရံလေးနဲ့ ရွတ်ရတာ အဆင်ကိုချောလို့...
ကဗျာကောင်းလေးတစ်ပုဒ်ကို လာဖတ်သွားတယ် ....
ကောင်းတယ်ဗျာ ...
Post a Comment