မိသားစုက ငါးယောက်
တိုင်ကီက အဖုံးပေါက်
လူတကာတွေ မျက်စိနောက်

အဖေက စိတ်မြန်
အမေက အထနှေး
ပေါင်းဆုံမိတော့
ကလေးသုံးယောက်မွေး

အကြီးဆုံးက အပျိုကြီးမမ
ဆူဆဲမိက ငိုပြီးချရ

အငယ်ဆုံးက မောင်တစ်ကောင်
လွယ်အိတ်တစ်လုံးနဲ့ သူဖွန်ကြောင်

အလတ်မက ကတ်ဖဲ့ငါ
ဂွတိုက်တဲ့နေရာ နှစ်ယောက်မရှိပါ

မိသားစုက ငါးယောက်
ပေါင်းမိတော့ အရပ်ဂေါက်
နေတာက ဒဂုံမြောက်
လူတကာတွေ အကုန်ကြောက် ။

3 comments:

စိမ်း... said...

ဟား ဟား လုပ်လိုက်ပြီကွ....
မိုက်မှမိုက်....
လန်ထွက်နေတာပဲ...
စိမ်းတို့အိမ်နဲ့နီးတယ် ... လာလည်မလား မ/ဥ မှာ ... မြောက်ဒဂုံ ဘယ်ရပ်ကွက်တုန်း... ကြိုးတံတားနဲ့ နီးရင် ကူးသာလာခဲ့ ရောက်ရော... ခုတော့ အိမ်မှာရှိဘူး... တစ်ကျွန်းရောက်နေလို့... :P

မိုးစက်အိမ် said...

ဒီကဗျာလေး တော်တော်သဘောကျတယ်ဗျာ ... သရုပ်လည်းပေါ်တယ် ကာရံလည်းကြိုက်တယ် ... ဒီကဗျာလေး အကြိုက်ဆုံးဘဲ :)

မင်းနေ said...

ကောင်းတဲ့ကဗျာ ....
မိသားစုငါးရောက်ကို လာမိတ်ဆက်တယ်ဗျ ...
ကျန်းမာပါစ .... :P