ချစ်သူ့တမ်းချင်း



ချစ်သူရေ...
မင်းရဲ့ခြေရာ နှင်းမှူန်တောမှာ
ရှာဖွေလို့လျှောက် တကောက်ကောက်နဲ့
ငါလေနွမ်းလျမောခဲ့ပြီ...
ပေးခဲ့ဒဏ်ရာ ဝေးရချိန်မှာ
ရင်ကိုထိုးဖောက် စိတ်ကိုနှောက်လို့
ငါရဲ့ နှလုံးသားပဲ့ကြွေပြီ...
ချစ်မိသူမှာ ရင်နာဆဲမို့
ကျောခိုင်းခဲ့စဉ် ဟိုချိန်ခါမှ
နှစ်လရက်ကြာ ယနေ့တိုင်အောင်
ငါ့ခေါင်းအုံးလေး စွတ်စိုဆဲပါ
တမ်းတမျက်ရည်တွေနဲ့လေ....

1 comments:

ဆည်းဆာသံစဉ် said...

ခေါင်းအုံးလေးစိုစွတ်နေတာ နေထုတ်မလှန်းဘူးလား..။ ဒီတိုင်းထားရင် အောက်စော်တွေ နံကုန်မှာပေါ့ လျှောသင့်ရင်လည်းလျှော်လိုက်လေ..:D။ သတိတော့ထားခလေးမရေ..ချစ်ဆိုတာ မာယာများတဲ့ သဘာဝနဲ့တူသလိုရှိတယ်။ ဘာကြောင့်လဲသိလား လူတွေရဲ့ စိတ်အစဉ်ဟာ သဘာဝတရားလိုပဲ ခန့်မှန်းရခက်တယ်။ ဒီလောက်ဆို ခလေးမလည်း သဘောပေါက်မှာပေါ့နော်..:P။ ဘာမှတော့မပူပါနဲ့  အချိန်ဆိုတဲ့ သမားတော်တစ်ပါးက မင်းလေးရဲ့ မျက်ရည်တွေကို ကုသပေးရင်ပျောက်သွားမှာပါ။ ကဗျာလေးကောင်း၏...ကြိုးစားနော်...။