ထစ်ချုန်းမိုး



ချစ်သူ…
ငါနဲမင်းအကြား
ရေခဲမြစ်အလား အေးခဲမှူတွေ
အစိုင်အခဲဖွဲ့လို့ ထုထည်တက်နေခဲ့ပြီ..

ရေခဲမြစ်ရဲ့ မြစ်ဖျားခံရာက
မင်းရဲ့ မာနတွေကလား..
ငါ့ရဲ့ လျစ်လျူရှူတတ်မှူများကလား..
မင်းရဲ့ ဂရုမစိုက်မှူကြောင့်လား..
ငါ့ရဲ့ အလုပ်ရှူပ်မှူတွေကြောင့်လား ..
မေးခွန်းပေါင်းများစွာနဲ့ နောက်လှည့်အကြည့်မှာ
အမှတ်မထင် တွေ့လိုက်တဲ့အဖြေတစ်ခု
အချိန်ဆိုတဲ့ သူငယ်ချင်းငယ်ကပြောသွားလေရဲ့..


သက္ကရာဇ်တစ်ခုအပြိုမှာ
အချစ်တစ်ခု ခန်းခြောက်သွားတတ်တာ
၂၁ ရာစုရဲ့ မဆန်းတဲ့အဖြစ်တစ်ခုပါတဲ့ ။

အို….မဟုတ်ဘူး ..မဖြစ်နိုင်ဘူး...ငါမယုံဘူး…..
လက်မခံနိုင်ခြင်းများစွာနဲ့ ငါ့နှလုံးသားကောင်းကင်မှာ
အခါလွန်ထစ်ချုန်းမိုးတွေ အငြိုးနဲ့သွန်းဖြိုးလို့ ရွာနေခဲ့ရပြီပေါ့လေ..

0 comments: